Ultrasurf ဖြင့် အင်တာနက် အသုံးပြုခြင်း

Ultrasuf ဆိုတာ Your Freedom လိုမျိုး အသုံးပြုလို့ရတဲ့ software လေးပါ။
ဒီ ဆော့ဝဲလေးကို ကျွန်တော်သုံးဖူးတာ ကြာပါပြီ။ သူ့ကို သုံးရတာ Your
Freedom ထက်ပိုပြီးတော့ လွယ်ကူပါတယ်။ ဒါ့အပြင် သူ့ရဲ့ file size ကလဲ
သေးပါတယ်။ Your Freedom ဆိုရင် Java ပါပါတဲ့ installer ရဲ့ ဆိုဒ်က
တော်တော်ကြီးပါတယ်။ Ultrasurf က Your Freedom လောက်မလေးပဲ
ပေါ့ပေါ့ပါးပါးရှိပါတယ်။ Memory လဲ သိပ်မစားပါဘူး။

ဒါပေမယ့် ကျွန်တော် Your Freedom ကို မစွန့်လွှတ်နိုင်သေးပါဘူး။
ဘာလို့လဲဆိုတော့ https နဲ့ ၀င်ရတဲ့ ၀က်ဆိုဒ်တွေအတွက် တခါတရံ (အမြဲမဟုတ်)
အဆင် မပြေတတ်လို့ပါ။ သူ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော်
စသုံးခဲ့ဖူးပါတယ်။ ဘယ်လိုမှဝင်လို့မရတဲ့ အခါမျိုးတွေ
မကြာမကြာကြုံခဲ့ရတဲ့အတွက် Your Freedom ပဲ ပြန်သုံးဖြစ်ခဲ့ပါတယ်။
အခုနောက်ပိုင်း ပြန်သုံးကြည့်မိတော့ အဆင်ပြေပြေ connect
လုပ်လို့ရနေပြန်ပါတယ်။ Your Freedom လောက်တော့ ၀က်ဆိုဒ်တွေအားလုံးကို
အဆင်ပြေပြေ၀င်လို့ မရပါဘူး။

ဒါတွေပြောနေလို့ စာဖတ်သူ့ကို မသုံးသင့်ဘူးလို့ မဆိုလိုပါဘူး။
ပေါ့ပေါ့ပါးပါး၊ လွယ်လွယ်ကူကူ သုံးလို့ရတဲ့ အပြင် Your Freedom ထက် speed
ပိုမြန်တဲ့ ဒီ software လေးကို မသုံးဖူးသေးရင် စမ်းသုံးကြည့်သင့်လှပါတယ်။

သူ့ကို သုံးချင်ရင်တော့ ဒီလိုလုပ်ပါဗျာ။
http://www.ultrareach.com/company/download.htm ကိုသွားပြီး ဒေါင်းလုဒ်လုပ်ပါ။
ရလာတဲ့ zip file ထဲက ဖိုင်လေးကို harddisk တစ်နေရာရာမှာ ကူးပါ။
သူ့ကို run ပါ။
Manual Setting ကို ရွေးပါ။ Proxy Host မှာ 203.81.71.111 နဲ့ Proxy Port
မှာ 9090 ရိုက်ပါ။ (စာဖတ်သူ့ ISP ရဲ့ Proxy address ကိုရိုက်တာပါ။)
Connect ဖြစ်သွားရင် status မှာ ပြပေးပါလိမ့်မယ်။
IE လေးပွင့်လာရင် သုံးလို့ရပါပြီ။ (ကျွန်တော်သုံးကြည့်မိသလောက်တော့ IE7
မှာ ကိုယ်ဘာသာ 127.0.0.1 နဲ့ 9666 ဆိုပြီး ကိုယ်ဘာသာ ပြန်ပြင်ပေးရပါတယ်)
Firefox မှာ သုံးချင်ရင် Your Freedom သုံးရင် ပြင်ပေးရသလိုမျိုး
ပြင်ပေးရပါတယ်။ သူ့ရဲ့ address ကတော့ 127.0.0.1 နဲ့ Port 9666 ပါ။

Comments

Popular Posts