FoxyProxy

Your Freedom အကြောင်းနဲ့ Ultrasurf အကြောင်းကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။ သူတို့ကို အသုံးပြုတဲ့အခါ Proxy နံပါတ်တွေကို သွားသွားရိုက်နေ ရတာကို သတိထားမိကြပါလိမ့်မယ်။ Your Freedom သုံးချင်ရင် localhost:8080 ပြောင်းရလိုက် Ultrasurf သုံးချင်ရင် 9666 ပြောင်းရလိုက် ပုဂံပြန်သုံးချင်ရင် 203.81.71.111:9090 ပြန်ပြောင်းရလိုက်နဲ့ တော်တော်လေး အလုပ်ရှုပ်ပါတယ်။

အဲဒီ့လို အလုပ်မရှုပ်အောင် Firefox မှာ Extension လေးတစ်ခုရှိပါတယ်။ သူကတော့ FoxyProxy ပါ။

FoxyProxy သုံးချင်ရင် ဒီလိုလုပ်ပါခင်ဗျာ။

  1. ဒီကနေပြီး FoxyProxy ကို ရယူပြီးသွင်းပေးပါ။
  2. Restart လုပ်ပါ။
  3. Firefox ရဲ့ ညာဘက်အောက်ထောင့်မှာ FoxyProxy ဆိုတဲ့ စာလေးကို right click ပါ။ options ကို ရွေးပါ။
  4. Add New Proxy ကို နှိပ်ပါ။
  5. Proxy Name မှာ YF လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
  6. Proxy Details tab ကို ၀င်ပါ။
  7. Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 8080 လို့ ရိုက်ပြီး OK ကို ရိုက်ပေးပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
  8. Add New Proxy ကို နှိပ်ပါ။
  9. Proxy Name မှာ US လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
  10. Proxy Details tab ကို ၀င်ပါ။
  11. Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 9666 လို့ ရိုက်ပြီး OK ကို နှိပ်ပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
  12. OK နှိပ်ပြီးပိတ်လိုက်ပါ။

ဒါဆိုရင်တော့ သုံးလို့ရသွားပါပြီ။ Your Freedom သုံးချင်လာတဲ့အခါ FoxyProxy ကို Right click နှိပ်။ YF ကိုရွေးလိုက်ရုံပါပဲ။ Ultrasurf သုံးချင်လာရင် US ကို ရွေးလိုက်ရုံပါပဲ။ ပုဂံပဲ ပြန်သုံးမယ်ဆိုရင် Completely disable FoxyProxy ကို ရွေးလိုက်ရုံပါပဲ။

Comments

Popular Posts