အိမ်ပြောင်းတော့ရင် ကောင်းမလား။

သြော်... အခုတလော အင်တာနက်မှာရှိခဲ့ဖူးကြ ရှာကုန်သော မြန်မာဘလော့ဂါများ
blogspot အဘန်းခံလိုက်ရတဲ့ အတွက် wordpress ကို ပြောင်းသုံးဖို့ ကြိုးစား
နေကြလေရဲ့။ wordpress မှာက မြန်မာ ဘလော့ လုပ်ဖို့ သိပ်မလွယ်လှဘူးဗျ။
blogger လောက် မလွယ်ဘူးလို့ ပြောရမှာပေါ့။ ဒါပေမယ့်လေ... မြန်မာ
ဘလော့ဂါတွေပဲဗျာ။ ရအောင်ကြိုးစားနေကြတဲ့ သူတွေရှိနေတော့
တဖြည်းဖြည်းနဲ့တော့ အဆင်ပြေလာပါပြီ။ ကျွန်တော်လဲ wordpress ကို
အိမ်ပြောင်းဖို့ ကြိုးစားနေတဲ့ သူတွေထဲမှာ တစ်ယောက်အပါအ၀င်ပေါ့ဗျာ။

မြန်မာ wordpress ဘလော့တစ်ခု လုပ်နည်းကို မောင်သင်္ကြန် (
http://smsy.wordpress.com ) က ebook လေးတစ်ခုရေးပြီး ဖြန့်ဝေထားပါတယ်။
ရေးထားတာတော်တော်လေးကောင်းပါတယ်။ သူ့လိုပဲ wordpress အကြောင်းကို
မျှဝေနေတဲ့ မြန်မာဘလော့ဂါတွေကိုလဲ ကျေးဇူးတင်ပါတယ်။

ကျွန်တော့ အိမ်ပြောင်းတော့မယ့် ဘလော့ကတော့
http://bloggerlay.iblogger.org/ ဖြစ်ကြောင်းပါ။ ဒါပေမယ့် သေသေချာချာတော့
မပြင်ဆင်ရသေးဘူး။ ကျွန်တော့ရဲ့ blogspot အိမ်အဟောင်းကို လာလည်နေကြတဲ့
မိတ်ဆွေတွေ အတွက် ကသိကအောင့် ဖြစ်မှာလည်းဆိုးမိပါတယ်။ လောလောဆယ်တော့
ကျွန်တော့ ဘလော့အသစ်ဟာ အစမ်းသပ် အဆင့်သာရှိသေးကြောင်း အသိပေးလိုပါတယ်။

ကျွန်တော်ကလည်း theme တွေကို ကိုယ့်အားကိုယ်ကိုးပြီး ပြင်ရမှာ အင်မတန်
အပျင်းထူတဲ့သူဗျ။ သူများတွေ အလကားပေးထားတဲ့ theme တွေကိုပဲ ယူသုံးတယ်။
အိမ်တကယ် ပြောင်းဖြစ်ရင်တော့ နဲနဲ အပင်ပန်းခံပြီးပြောင်းရဦးမယ်။

Comments

Popular Posts