မြန်မာဘလော့များကို Google Reader ဖြင့် ဖတ်ခြင်း

အခုအခါမှာ မြန်မာဘလော့ပေါင်းများစွာ ပေါ်ပေါက်လာနေပါပြီ။ တစ်ချို့ ဘလော့များမှာ ပုံမှန် update လုပ်လျက်ရှိနေပါတယ်။ တစ်ချို့ ဘလော့တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် update လုပ်ခြင်း မရှိတော့ပါဘူး။ တစ်ချို့ ဘလော့တွေကလည်း တစ်ခါတရံမှသာ ပို့အသစ်တင်တတ်ပါတယ်။ အဲ့ဒီ့ ဘလော့ပိုစ့် အသစ်တွေကို ဖတ်ချင်လျှင် RSS Reader များဖြင့် အသုံးပြု ဖတ်ရှုလျှင် ပိုအဆင်ပြေပါတယ်။ စာဖတ်သူဟာ ဘလော့ပေါင်း များစွာကို တစ်ခုချင်းစီ ဖွင့်နေစရာမလိုပဲနဲ့ အဲဒီ့ RSS Reader များနဲ့ ပို့စ်အသစ်များကို ရွေးဖတ်သွားလို့ရပါတယ်။

RSS Reader များဟာ ဆော့ဝဲလ် အနေနဲ့ ရှိသလို အဲ့ဒီ့ Function မျိုးပေးတဲ့ ၀က်ဆိုဒ်တွေလဲ ရှိပါတယ်။ ဥပမာ - Firefox နဲ့ IE7 မှာ RSS Feed function ပါပါတယ်။ ၀က်ဆိုဒ်အနေနဲ့ဆိုရင်တော့ Google Reader ဟာ အသုံးပြုလို့ တော်တော် အဆင်ပြေနိုင်ပါတယ်။

Google Reader နဲ့ မြန်မာ ဘလော့များကို ဖတ်ချင်ရင်တော့ ဒီလိုလုပ်ပါဗျာ။

  1. Firefox တွင် Tools > Content > Fonts and Colors မှ Advanced > Sans-serif ကို Zawgyi-One ပြောင်းပါ။
  2. http://www.google.com/reader/view/ ကို သွားပါ။ စာဖတ်သူရဲ့ Gmail username and password နဲ့ ၀င်ပါ။
  3. Add subscription ကို နှိပ်ပါ။ ပေါ်လာတဲ့ box မှာ စာဖတ်သူ ဖတ်ချင်တဲ့ ဘလော့ လိပ်စာကို ရိုက်ပါ။ ဥပမာ - bloggerlay.blogspot.com လို့ ရိုက်ပါ။ အဲ့ဒီလိုနည်းနဲ့ ကိုယ် ဖတ်ချင်တဲ့ ဘလော့တွေကို တစ်ခုချင်း Add subscription နဲ့ ထဲ့ပါ။

ဒါဆိုရင်တော့ ဖတ်လို့ရသွားပါပြီဗျာ။

ဘလော့ပို့စ်များကို Offline ဖတ်ချင်ရင်တော့ Google Gear ကိုသွင်းပါ။

Comments

Popular Posts