3D Fund ၏ အထောက်အပံ့ဖြင့် AIDS အသိပညာပေး နည်းပြဆရာဖြစ်သင်တန်းများ စတင်

ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းတွင် အဓိကလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် အသိပညာပေးသင်တန်းများ ပို့ချနိုင်ရန် နည်းပြဆရာဖြစ် သင်တန်းများကို 3D Fund ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ အခြေစိုက်အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၏ အခြေစိုက် INGO အဖွဲ့တစ်ခုဖြစ်သည့် AFXB အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

3D Fund နှင့် AFXB တို့ပူးပေါင်းဖွင့်လှစ်သည့် HIV/AIDS ရောဂါ အသိပညာပေး နည်းပြဆရာဖြစ်သင်တန်းကိုဩဂုတ် ၁၂ ရက်နေ့မှ ဩဂုတ် ၁၅ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ယင်းသင်တန်းမှာ 3D Fund ၏ ပံ့ပိုးမှုဖြင့် ပထမဆုံးဖွင့်လှစ်သော အသိပညာပေးသင်တန်းဖြစ်ကြောင်း၊ အခြား INGO အဖွဲ့အစည်းများအနေဖြင့်3D Fund ၏ အထောက်အပံ့ဖြင့် သင်တန်းများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

3D Fund အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၌ ၂၀၀၇ ခုနှစ်အတွင်း ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန် ဒေါ်လာ ၂၁ သန်းပေးအပ်ပြီးဖြစ်ကာ ၆၀ ရာခိုင်နှုန်းကို HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို တီဘီရောဂါကာကွယ်တိုက်ဖျက်ရေးတွင် လည်းကောင်း အသုံးပြုမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Original News

Comments

Popular Posts