တာမွေဆေးခန်း

အခုတလော တာမွေဆေးခန်းသတင်းက လူပြောများနေပါတယ်။ ၀တဲ့သူ ပိန်အောင် လုပ်၊ ပိန်တဲ့သူ ၀အောင်လုပ်၊ ရင်သားကြီးအောင်လုပ် စသဖြင့် လုပ်ပေးတယ် ဆိုတဲ့ သတင်းတွေနဲ့ ကြော်ကြားနေပါတယ်။ ဆရာဝန်တွေကြားမှာလည်း ပြောနေကြပါတယ်။ အဲ့ဒီ့ ဆေးခန်း ဆရာဝန်က ဘာဆေးတွေပေး သလဲတော့ မသိဘူးပေါ့နော်။ ကျွန်တော် သိသလောက် ဗဟုသုတကလေးနဲ့ စဉ်းစားကြည့်တော့ ပိန်အောင် လုပ်တော့ တိုင်ရောက်ဆင်း ပဲတိုက်လိုက်သလား။ ၀အောင် လုပ်တော့ စတီးရိုက်ပဲ တိုက်လိုက်သလား။ ရင်သားကြီးအောင်လုပ်တော့ အမျိုးသမီး ဟော်မုန်းပဲ ထိုးပေးလိုက် သလားပေါ့နော်။ ဟုတ်တော့ ဟုတ်ပါတယ်။ အဲ့ဒီ့ ဆေးတွေအားလုံးက တရားဝင် ဆေးတွေကြီးပါပဲ။ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ mmblogs မှာ အဲ့ဒီ့ သတင်းတင်ထားတာ ဖတ်လိုက်ရပါတယ်။ ဒီမှာ ဖတ်နိုင်ပါတယ် - http://news.mmblogs.net/story/81 ။ ဆရာဝန်တွေလဲ ဗဟုသုတအဖြစ်သွားဖတ်ကြည့်လိုက်ပါဦး။

Comments

Popular Posts