Firefox အတွက် Better Gmail for Myanmar

ကျွန်တော် ပုံမှန်သုံးတဲ့ browser ကတော့ Firefox ပါ။ ပုံမှန်သုံးတဲ့ အီးမေးလ်ကတော့ ဂျီမေးလ်ပါ။ အခုနောက်ပိုင်း ပုဂံနက်က ဂျီမေးလ်ကို http နဲ့ ဘန်းထားပေမယ့် https ကိုတော့ ဖွင့်ပေးထားတယ်။ ဘာကြောင့် ပြန်ဖွင့်ပေးထားလဲတော့ မသိဘူး။ ဘာပဲပြောပြော ပိုအဆင်ပြေသွားတာတော့ အမှန်ပါပဲ။ ဒီလိုပြန်ဖွင့်ပေးထားတဲ့အတွက် Firefox ကို သုံးတဲ့ မြန်မာပြည်သားတွေကို အကြံပြုလိုတာကတော့ Better Gmail ဆိုတဲ့ Firefox extension လေးကို သွင်းထားစေချင်တာပါပဲ။

ဘာဖြစ်လို့သွင်းထားစေချင်တာလဲဆိုရင် ဒီ Extension လေးကို သွင်းလိုက်တာနဲ့ တပြိုင်နက် ဂျီမေးလ်ကို မြန်မာပြည်မှာ ဘန်းထားတယ်လို့ မထင်ရလောက်အောင် ဖြစ်သွားပါလိမ့်မယ်။ ဂျီမေးလ်ကို သုံးဖို့ gmail.com or mail.google.com, etc ရိုက်လိုက်တာနဲ့ သူ့အလိုလို https နဲ့ ဂျီမေးလ်ကို connect လုပ်တယ်ဗျာ။ ဒါကြောင့် https ကို မဘန်းထားတဲ့ ပုဂံ လက်အောက်ခံ အင်တာနက်သုံးသူ မြန်မာပြည်သားတွေဟာ ဂျီမေးလ်ကို ဖွင့်တိုင်းမှာ Access Denied ဆိုတဲ့ စာမျက်နှာကြီးကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် Better Gmail ဆိုတဲ့ Firefox Extension လေးကို သွင်းစေချင်တာပါ။ သူ့မှာ တခြား features အနေနဲ့လဲ ဂျီမေးလ်ကို ကိုယ်ကြိုက်တဲ့ ပုံစံပြောင်းလို့ရပါသေးတယ်။ တခြား feature တွေကတော့ မြန်မာပြည်သားတွေအတွက် သိပ်ပြီး ထူးထူးခြားခြားဖြစ်ပါလိမ့်မယ်။ ကျွန်တော် ကြိုက်တာကတော့ Gmail ရဲ့ skin ကို ပြောင်းလို့ရတာရယ်... attachment icon လေးတွေရယ်ပါ။

Better Gmail လိုချင်ရင်တော့ ဒီက ယူပါဗျာ။

Better Gmail မသွင်းပဲ Gmail သုံးချင်ရင် သို့မဟုတ် Internet Explorer ကို သုံးတာဆိုရင်တော့ ဒီအောက်က link နဲ့ သွားပါဗျာ...

https://mail.google.com/mail/ or https://www.gmail.com or https://mail.google.com/mail/?ui=html

Comments

Popular Posts