Internet Explorer 7.0 ကို install လုပ်ခြင်း

Internet explorer 7 ကတော့ အရင်ထွက်ဖူးသမျှ IE တွေထဲမှာတော့ အလှဆုံးနဲ့ security အရှိဆုံး browser တစ်ခုပါပဲဗျာ။ IE ရဲ့ အဓိက ပြိုင်ဘက် Firefox မှာ ရှိတဲ့ Feature တွေကို ထဲ့ထားပြီး အသွင်သစ်နဲ့ ဆန်းသစ်ပါတယ်ဗျာ။ ပုံစံက အရင်ကထက်ပိုလှတယ်ဗျာ။ ဒါ့အပြင် Favorite centre, RSS feed, search box တွေအပြင် အဓိက တွေ့မြင်ရမှာကတော့ Firefox တို့ opera တို့မှာ ပါပြီး feature တစ်ခုဖြစ်တဲ့ Tab browsing တွေပါပဲ။

အားလုံးကောင်းပါတယ်ဗျာ။ မကောင်းတာကတော့ ကျွန်တော်တို့ မြန်မာပြည်က ခိုးကူး Windows တွေနဲ့ပဲ အသက်ရှင်နေရတဲ့သူတွေ အတွက်ပေါ့ဗျာ။ IE7 ကို သွင်းမယ်ဆိုတာနဲ့ သူ့ရဲ့ installer က ခိုးကူး Windows ဟုတ်မဟုတ် စစ်တယ်။ ခိုးကူးဆိုတာနဲ့ ဆက်ပြီး install လုပ်ခွင့်မပေးတော့ဘူး။ ဒီအတိုင်းသာဆိုရင် ကျွန်တော်တို့ မြန်မာပြည် internet user ရဲ့ ၉၉.၉၉%ဟာ IE7 ကို သုံးခွင့်မရတော့မယ့် သဘောမှာရှိတယ်။ Microsoft ကိုတော့ ဒီလိုလုပ်လိုက်တာကို အပြစ်မပြောပါဘူးဗျာ။

ကံကောင်းတာက IE7ကို လှည့်ပတ်ပြီးသွင်းလို့ရတယ်ဗျ။ crack သို့မဟုတ် hack ပြီးတော့ သွင်းတယ်ဆိုရင် မမှားဘူးပေါ့။ စာဖတ်သူရဲ့ စက်က Windows XP service pack 2 တော့ ဖြစ်ရမယ်နော်။ ဒီလိုလုပ်ကြည့်ဗျာ။

၁။ IE7.0 ကို http://www.softwarepatch.com/network-security/ie7-security-download.html ကနေ ယူပါ။

၂။ ရလာတဲ့ IE7-WindowsXP-x86-enu.exe ကို WinRAR နဲ့ folder (IE7-WindowsXP-x86-enu) တစ်ခုထဲကို unzip လုပ်ပါ။

၃။ iecustom.dll ကို download ပြီး update folder (IE7-WindowsXP-x86-enu\update\) ကို ကူးပါ။ အရင်ရှိပြီးသား file နဲ့ replace လုပ်လိုက်ပါ။

၎။ normaliz.exe ကို download ပြီး C:\ ထဲကို ကူးပါ။

၅။ update folder ထဲက update.exe ကို ဖွင့်ပါ။ install ပြီးလျှင် restart မလုပ်သေးပဲ Restart Later ကို ရွေးပြီး Finish ကို နှိပ်ပါ။

၆။ normaliz.dll ကို download ပြီး “c:\windows\system32\” directory ထဲကို ကူးထဲ့ပါ။ ပြီးလျှင် restart လုပ်ပါ။

၇။ restart လုပ်ပြီးလို့ desktop blank ဖြစ်နေမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ပါ။ (desktop blank ဖြစ်မနေရင်တော့ အဆင့် ၇ ကိုကျော်ပြီး အဆင့် ၈ ကို တန်းသွားပါ။)

  • Press ctrl-alt-del to go to the task manager.

  • Go to “File -> New Task (Run…)” in the task manager.

  • Type: ‘C:\normaliz.exe’ (excluding quotation marks) in the ‘open’ field and then press the ‘ok’ button.

  • WinZip Self-Extractor - normalize.exe’ window should popped up and then press the ‘unzip’ button.

  • Reboot your pc and yahoo!!! now you can see your desktop contents!!!.

  • ၈။ update folder ထဲက xmllitesetup.exe ကို ဖွင့်ပြီးသွင်းပါ။ ပြီးလျှင် restart လုပ်ပါ။

    ၉။ Internet Explorer ကို run ပါ။

    အထက်ပါအချက်အတိုင်းလုပ်မယ်ဆိုရင်တော့ IE7 ကို အသုံးပြုနိုင်ပါပြီဗျာ။

    Comments

    Popular Posts