Blue Screen of Death

"Blue Screen of Death" or BSOD ဆိုတာကတော့ windows user တွေက ပေးထားတဲ့ နာမည်ပါ။ BSOD ကတော့ အပြာရောင် background ပေါ်မှာ အဖြူရောင်စာလုံးတွေနဲ့ ရေးထားတဲ့ windows error message ကြီးပါပဲ။ BSOD ပေါ်လာပြီဆိုရင် user ဟာ windows ကို restart ပြန်လုပ်ရုံမှတပါး အခြားဘာမှမလုပ်နိုင်တော့ပါဘူး။ ဒီ error message ကြီးဟာ windows 95 ကထဲက ပုံစံအမျိုးမျိုးနဲ့ ပေါ်လာတတ်တာ windows xp အထိပါပဲ။ Blue Screen မပေါ်နိုင်တဲ့ windows မရှိသေးပါဘူး။ (မှတ်ချက်။ windows vista တွင် BSOD ပေါ်နိုင်မပေါ်နိုင် မသိနိုင်သေးပါ။) စာဖတ်သူရဲ့ စက်မှာ ဒီ Blue Screen ပေါ်လာတတ်ရင်တော့ ဒီ file လေးကို download ပြီးတော့ အဲဒီ့က instruction အတိုင်း လိုက်လုပ်ကြည့်စေချင်ပါတယ်။ အဲ့ဒီ file လေးက မနှစ်က ကျွန်တော် သွားရင်းလာရင် တွေ့တဲ့ Website တစ်ခုမှာ webpage အနေနဲ့ step by step ဖော်ပြထားတာကို ဖတ်ရလွယ်အောင် ကျွန်တော် copy ထားတာပါ။ အဲဒီ့ website လေးကိုတော့ မမှတ်မိတော့ဘူး။ အဲဒီ့ website မှာ BSOD ပေါ်ရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို သေချာရေးပြထားလို့ ဖတ်ရတာအကျိုးရှိမယ်ထင်ပါတယ်။

Comments

Popular Posts