Myanmar Gtalk Addin v1.1 ကို install မလုပ်ခင်

Myanmar Unicode system တွေကို website တွေကနေပြီး free ပေးနေတာဟာ အလွန်ကောင်းတဲ့ အချက်ပါ။ ဒါပေမယ့် alpha ကထုတ်တဲ့ Myanmar Gtalk Addin v1.1 ကို သွင်းမယ်ဆိုရင်တော့ မသွင်းခင်မှာ သတိထားရမယ့် အချက်တွေရှိတယ်။

သိထားရမှာက Myanmar Gtalk Addin v1.1 ကိုသွင်းလိုက်တာနဲ့ တစ်ကမ္ဘာလုံးက standard အနေနဲ့ သုံးနေတဲ့ Arial font ဟာ alpha ရဲ့ စာလုံးပုံစံနဲ့ အစားထိုးခံရတော့မယ်ဆိုတာပါပဲ။ အဲဒီ့တော့ဘာဖြစ်သွားလဲ.... ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့ အချက်လဲရှိတာပေါ့လေ။ ကောင်းတာကတော့ စာဖတ်သူရဲ့ ကွန်ပျူတာဟာ Arial font ကို display အတွက် သုံးနေရင်... alpha ရဲ့ standard အနေနဲ့သုံးတဲ့ စာကြောင်းတွေ စာလုံးတွေမှန်သမျှဟာ ကောင်းမွန်မှန်ကန်စွာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပေါ်နိုင်မှာဖြစ်တယ်။ ဒီတော့ Gtalk လို Arial font ကို standard အနေနဲ့ သုံးတဲ့ program မှာ ရိုက်သမျှ စာတွေအားလုံးဟာ alpha font နဲ့ ပေါ်တဲ့အတွက် မြန်မာလို chat လို့ရတာပေါ့။

မကောင်းတာကဘာလဲ.... Arial font ဟာ ကမ္ဘာရဲ့ နေရာတော်တော်များများမှာ Webpage တွေ Software တွေ Document တွေ စသဖြင့် စသဖြင့် တွေမှာ standard အနေနဲ့သုံးတယ်။ ဥပမာ... ကမ္ဘာကျော် Google ဟာ သူ့ရဲ့ page တွေ တော်တော်များများကို arial သုံးထားတယ်။ ဒီတော့ဘာဖြစ်လဲ.... စာဖတ်သူရဲ့ Google page တွေဟာ မှန်မှန်ကန်ကန် မပြနိုင်တော့ဘူးပေါ့။ Bold တွေ Italic တွေ ပါတဲ့ စာတွေဆိုရင် ပိုပြီးသိသာတယ်။ တချို့စာလုံးက အပေါ်ရောက်လိုက် တချို့က အောက်ရောက်လိုက် ဖြစ်နေမယ်။ ကဲ... ဘယ်လောက်ဆိုးသလဲ။ Arial font ကို သုံးထားတဲ့ အရာမှန်သမျှဟာ စာဖတ်သူရဲ့ စက်ပေါ်မှာ တကမ္ဘာလုံးရဲ့ ကွန်ပျူတာတွေပေါ်မှာ ပေါ်သလိုပေါ်မှာမဟုတ်ပဲ တမူထူးခြားစွာ ပေါ်နေမှာပဲ။

ဒါအပြင် စာဖတ်သူဟာ အဲဒီ့ Myanmar Gtalk Addin ကို ပြန်ပြီးတော့ uninstall လုပ်ရင်လည်း အရင် Arial font ဟာ ပြန်ရောက်မလာပါဘူး။ ရှင်းရှင်း ပြောရရင် Myanmar Gtalk Addin installer ဟာ install လုပ်စဉ်က Arial font ကို သူ့ရဲ့ font နဲ့ လဲထဲ့လိုက်ပေမယ့်... ပြန်ပြီးတော့ uninstaller လုပ်တဲ့အခါကျတော့ သူ့ရဲ့ font ကို မူလ Arial font နဲ့ ပြန်လဲမထဲ့ ပေးတော့ဘူးဗျာ။ ဒါကြောင့် စာဖတ်သူဟာ မူလ Arial font ကို လိုချင်ရင် အခြား ကွန်ပျူတာက ဖြစ်ဖြစ် အင်တာနက်ကဖြစ်ဖြစ် လိုက်ရှာရတော့မယ်။

Gtalk မှာ မြန်မာလို chat ချင်ရုံနဲ့တော့ Myanmar Gtalk Addin ကို မသွင်းဖို့ အကြံပေးလိုတယ်။ မြန်မာလို chat ချင်ရင် Google Talk new version ကို download လုပ်လိုက်ပါ။ Settings > General > Change Font နဲ့ စာဖတ်သူရဲ့ စိတ်ကြိုက် font ကို ပြောင်းလို့ရပါတယ်။ ဥပမာ... Zawgyi-One ကို သုံးရင် Myanmar Gtalk Addin ကို install လုပ်ပြီးသုံးတဲ့ စာဖတ်သူရဲ့ သူငယ်ချင်းတွေနဲ့ မြန်မာလို ကောင်းကောင်း ချက်နိုင်ပါတယ်။

ဒီ post ကို alpha က Myanmar Gtalk Addin ကို ကြိုးစာပြီးတီထွင်ပေးခဲ့ကြတဲ့ လူတွေအတွက် အဆိုးမြင်သလို ဖြစ်နေမယ်ထင်တယ်။ အမှန်ကတော့ တီထွင် စမ်းသစ်မှူတွေဟာ မြန်မာပြည်မှာ အရမ်းလိုနေတယ်။ ကျွန်တော်ကတော့ တဦးကိုတဦး ၀ိုင်းဝန်း အကြံပေးကြတာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။ မကောင်းတာကို ထောက်ပြ... ကောင်းတာကို အားပေး... အဲ.... အဲဒီလိုမျိုးလိုအပ်တယ်။

ကျွန်တော်ဟာ alpha ရဲ့ font product တွေကို သုံးတဲ့ user အနေနဲ့ အကြံပေးကြည့်မယ်နော်။ ပထမအနေနဲ့ install လုပ်တဲ့အခါမှာ user ရဲ့ စက်မှာ ဘာတွေဖြစ်သွားမလဲဆိုတာကို အရင်အသိပေးသင့်လှတယ်။ ဥပမာ... "The standard Arial Font will be permanently replaced with Alpha's Arial Font. You will no longer be able to view all the text with Arial font properly. Do you wish to continue?" ဆိုတာမျိုးပေါ့နော်။ ဒုတိယ အနေနဲ့ အကြံပေးချင်တာကတော့ uninstall လုပ်တဲ့ အခါမှာပေါ့။ user ဟာ uninstall လုပ်ပြီဆိုကတဲက အဓိကအကြောင်းရင်းက... ကျွန်တော်ထင်တယ်... standard Arial font ကို ပြန်လိုချင်လို့ပဲ။ (ကျွန်တော်လဲ ဒါကြောင့်ပဲ ပြန် uninstall လုပ်ခဲ့တာ) အဲဒီ့တော့ မူရင်း Arial font ကို uninstall လုပ်တဲ့အခါမှာ ပြန်ပြီး restore လုပ်ပေးရင်ကောင်းမယ်။

ကဲ... ဒီ post ကိုတော့ ဒီမှာပဲရပ်တော့မယ်။ နောက်နေ့မှ တွေ့မယ်။း)

Comments

Anonymous said…
thanks for the tip, I tried to download gtalk myanmar add in but I couldnt find one.
As u posted, I changed the font to see what others have written. Helps me alot. Only one drawback is that I cannot write both languages without changing fonts.
Thanks anyway, at least it worked.

Popular Posts