ကျွန်တော်ကြိုက်တဲ့ Free Antispyware များ

Spyware တွေ ၀င်ရင် တော်တော်အခံရခက်တယ်။ ကိုယ်ဝင်ချင်တဲ့ page ကို ၀င်လို့ မရတာတို့ popup advertisement တွေ လျှောက်ပေါ်နေတာတို့နဲ့ တော်တော့ကို စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ကျွန်တော်ကတော့ အဲဒီလို spyware တွေကို ကာကွယ်ဖို့အတွက် antispyware တွေသုံးတယ်။

antispyware ဆိုတာမျိုးကလဲ တစ်မျိုးထဲသုံးရုံနဲ့ မလုံလောက်ဖူးဗျ။ အနဲဆုံး နှစ်မျိုး သုံးမျိုးလောက်သုံးမှစိတ်ချရတယ်။ စာဖတ်သူဟာ antispyware တစ်ခုခုကို ပိုက်ဆံပေးဝယ်ဖို့ စဉ်းစားနေရင်တော့ Spysweeper ဆိုတဲ့ software ကို ၀ယ်သုံးသင့်တယ်။ တကယ်လို့ free antispyware ကိုပဲ သုံးမယ်ဆိုလဲ ရပါတယ်။

စာဖတ်သူသုံးသင့်တဲ့ free antispyware တွေကို အောက်မှာ ရေးပြမယ်ဗျာ။

(၁) Ad-aware SE personal ဆိုတဲ့ software ကတော့ မရှိမဖြစ်လိုအပ်တဲ့ antispyware ပါ။ သူ့ကို update လုပ်ရတာလဲ သိပ်အရမ်း file size မကြီးဘူး။ မြန်ပါတယ်။ Smart system scan နဲ့ scan လုပ်ရင်သိပ် မကြာလှဘူး။ Scan လို့ တွေ့သမျှ Critical Objects တွေကို remove လုပ်ပါ။ negligible object တွေကို တော့ remove မလုပ်လဲ ရတယ်။

စာဖတ်သူဟာ မြန်မာပြည်ကသုံးနေတာဆိုရင်တော့ စာဖတ်သူရဲ့ ISP proxy address ကို ရိုက်ပေးဖို့လိုလိမ့်မယ်။ မဟုတ်ရင် update လုပ်လို့ရမှာ မဟုတ်ဖူး။ ဘယ်လိုလုပ်ရမလဲဆိုတော့... Check for updates now > Configure > Check Use HTTP proxy > Address -> (your isp proxy address e.g. cache-dial.bagan.net.mm) and port -> (your isp port eg. 8080) > Connect

(၂) AVG antispyware (အရင် ewido antispyware) ဟာ လဲ အသုံးတဲ့လှတယ်။ သူကတော့ scan time တော်တော်ကြာတယ်။ ဒါပေမယ့် update လုပ်ရတာ မြန်တယ်။ သူက တစ်လလောက် trial ပေးတယ်။ Trial period ကုန်သွားရင်လဲ သိပ်စိတ်မပူပါနဲ့ Free version အနေနဲ့ ဆက်ရှိနေမယ်။ Real time protection တော့ မရတော့ဘူးပေါ့။

စာဖတ်သူဟာ မြန်မာပြည်ကသုံးနေတာဆိုရင်တော့ စာဖတ်သူရဲ့ ISP proxy address ကို ရိုက်ပေးဖို့လိုလိမ့်မယ်။ မဟုတ်ရင် update လုပ်လို့ရမှာ မဟုတ်ဖူး။ ဘယ်လိုလုပ်ရမလဲဆိုတော့... Update > Check Use Proxy > in Type - HTTP and in host - your isp proxy address (eg. cache-dial.bagan.net.mm) and in port - your isp proxy port (eg. 8080 or 9090)

(၃) Spybot - Search & Destroy လဲ သုံးသင့်တယ်။ သူကတော့ immunize feature ပါတယ်။ သူ့ scan time ကတော့ အတင့်တင့်ပဲ။ update time ကတော့ တော်တော်ကြာတယ်။

စာဖတ်သူဟာ မြန်မာပြည်ကသုံးနေတာဆိုရင်တော့ စာဖတ်သူရဲ့ ISP proxy address ကို ရိုက်ပေးဖို့လိုလိမ့်မယ်။ မဟုတ်ရင် update လုပ်လို့ရမှာ မဟုတ်ဖူး။ ဘယ်လိုလုပ်ရမလဲဆိုတော့... Settings > Settings > Automation > Web update > Check Use proxy to connect to update server > in Host - your isp proxy address and in port - your isp proxy port

တခြား အသုံးတဲ့တဲ့ antispyware တွေရှိပါသေးတယ်။ နောက်နေ့တွေမှာ အချိန်ရှိရင် ဆက်ရေးပါဦးမယ်။ လောလောဆယ်တော့ Link ပဲ ပေးထားလိုက်တော့မယ်။

Anti-Trojan: a² Free / Personal OnLine Trojan Scan: TrojanScan
Spyware/Adware Tools: IE-SPYAD / MVPS HOSTS File / SpywareBlaster / HijackThis

Comments

Popular Posts