Mailwasher

စာဖတ်သူဟာ ပုဂံနက်ရဲ့ အီးမေးလ်ကို အသုံးပြုနေတဲ့သူ ဆိုရင် POP အီးမေးလ်ကို အသုံးပြုနေသူဖြစ်ပါတယ်။ တခါတရံမှာ စာဖတ်သူရဲ့ အီးမေးလ်ထဲကို ဖိုင်ဆိုဒ် ခပ်ကြီးကြီး Attachment ပါနေရင် အဲ့ဒီ့အီးမေးလ် အကြီးကြီးကို ဒေါင်းလုတ်ပြီးမှ သူ့နောက်က အီးမေးလ်တွေကို ဆက်ပြီးတော့ ဒေါင်းလုတ်လုပ်လို့ရပါတယ်။
အဲ့ဒီ့ အီးမေးလ်အကြီးကြီးဟာ အရေးမကြီးတဲ့ အီးမေးလ်ဆိုရင် အဲ့ဒီ့ အီးမေးလ်ကို ဒေါင်းလုပ် အပြီး အထိမလုပ်တော့ဘဲ ပုဂံရဲ့ မေးလ်ဆာဗာမှာတင် ဖျက်ပစ်လိုက်လို့ရပါတယ်။
အဲ့ဒီလို ဖျက်ချင်ရင် Mailwasher ဆိုတဲ့ ဆော့ဝဲလ်လေးနဲ့ အဆင်ပြေနိုင်ပါတယ်။
တကယ်တော့ Mailwasher ဆိုတာ Antispam အတွက် ရည်ရွယ်ပြီးထုတ်ထားတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်မလိုချင်တဲ့ အီးမေးကြီးတွေကို ဖျက်ဖို့ သုံးပါတယ်။ Mailwasher ကို download ချင်ရင်တော့ ဒီကနေသွားပါခင်ဗျာ။
http://www.mailwasher.net/download/?q=download

Comments

Popular Posts