မောင်တောတွင် အကြောသေပျော့ခွေရောဂါဖြစ်သူ ကလေး ၂၁ ဦးတွေ့ရှိ

ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး ခြင်းလုပ်ငန်းကို ဆောင်ရွက်စဉ် လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်၊ မောင်တော၌ လတ်တလော အကြောသေပျော့ခွေ လူနာစုစုပေါင်း ၂၁ ဦးကို တွေ့ရှိခဲ့ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မောင်တောမြို့တွင် မတ်လ ၁၅ ရက်နေ့၌ နှစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးတွင် လတ်တလော အကြောသေပျော့ခွေရောဂါကို စတင် တွေ့ရှိပြီး ပိုလီယို အရိုင်းပိုးတွေ့လူနာအဖြစ် ဧပြီလ ၁၉ ရက်နေ့က အတည်ပြုနိုင်ခဲ့ပြီးနောက် တိုးချဲ့ပိုလီယိုကာကွယ် ဆေး တိုက်ကျွေးခြင်းလုပ်ငန်းအဖြစ် မေလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ၊ ဇွန်လ ၉ ရက်မှ ၁၃ ရက် နေ့အထိ၊ ဇူလိုင်လ ၄ ရက်မှ ၈ ရက်နေ့အထိ သုံးကြိမ် တိုင် ကျန်းမာရေးဦးစီးဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ တို့နှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ် အပါ အ၀င် ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်းတို့တွင် ရောဂါပြန့်ပွားခြင်းမရှိစေရန် ငါးနှစ်အောက် ကလေး စုစုပေါင်း ၂ ဒသမ ၅ သန်းအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့သည်။

ရောဂါတွေ့ရှိသည့် လူနာ ၂၁ ဦး အနက် ရှစ်ဦးတွင် ပိုလီယို အရိုင်းပိုးတွေ့ရှိရကြောင်း အတည်ပြုခဲ့ပြီးဖြစ်ကာ ကျန်လတ် တလော အကြောသေပျော့ခွေရောဂါ ဝေဒနာရှင်များ၏ ၀မ်းနမူနာကို ဘန်ကောက်ရှိဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ ပိုလီယိုရောဂါကာကွယ်ဆေး တိုးချဲ့တိုက်ကျွေးနိုင်ခဲ့ခြင်းကြောင့် ပိုလီယိုရောဂါကို မောင်တောမြို့မှ တခြား နေရာသို့ မပျံ့နှံ့အောင် လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီးတခြားနေရာများတွင် ဖြစ်ပွားမှုမရှိခဲ့ကြောင်း သိရသည်။

Original News

Comments

Popular Posts