ECG အခြေခံ

ဒီ Post ကတော့ Medical Field က လူတွေပဲဖတ်တတ်လိမ့်မယ်ထင်တယ်။ စာဖတ်သူဟာ အနည်းဆုံးတော့ P, Q, R, S, T wave တွေကို သိပြီးသားလို့ယူဆတယ်။ မသိသေးဘူးဆိုရင် ရှေ့ဆက်မဖတ်နဲ့တော့။ ဖတ်လည်းနားလည်မှာ မဟုတ်ပါ။ ဒီ post ဟာ ဆေးကျောင်းသား သို့မဟုတ် ဆရာဝန်ငယ်များအတွက်ပါ။

ECG တစ်ခုကို ကြည့်တဲ့အခါမှာ
၁။ rhythm ကို ကြည့်ရမယ်
၂။ P wave abnormalities ကို ကြည့်ရမယ်။
၃။ cardiac axis ကို ကြည့်ရမယ်။
၎။ QRS complex ကို ကြည့်ရမယ်။
၅။ Q wave ကို ကြည့်ရမယ်။
၆။ ST segment ကို ကြည့်ရမယ်။
၇။ T wave ကို ကြည့်ရမယ်။
၈။ U wave ကို ကြည့်ရမယ်။

ECG ကို record လုပ်ပုံလုပ်နည်းကတော့ သိပြီးလောက်ပြီထင်လို့ မပြောတော့ဘူး။

ECG ရဲ့ အခြေခံ သဘောတရားတွေ နဲနဲ ပြောရအောင်။ atria contaction ဟာ P wave နဲ့ associate ရှိတယ်။ QRS complex ကတော့ ventricle အတွက် ဖြစ်ပြီး T ကတော့ resting ventricle ဖြစ်ပါတယ်။

RR interval in large square ကို ကြည့်ပြီးတော့ နှလုံးခုန်နှုန်းကို သိနိုင်တယ်။ Relationship between RR interval and heart rate ကတော့ ဒီလိုပါ။
1 large square - 300 beats / min
2 - 150
3 - 100
4 - 75
5 - 60
6 - 50

PR interval ဆိုတာကတော့ SA node to atrial muscle to AV node to bundle of His to ventricular msucle အထိ သွားဖို့ အတွက် ကြာချိန်ပါ။
Normal PR interval ကတော့ ၃ - ၅ small square လောက်ရှိတယ်။

QRS complex ရဲ့ duration ကတော့ ၃ small square ဖြစ်တယ်။ The duration of the QRS complex shows how long excitation takes to spread through the ventricles.

ဘယ် Lead က heart ရဲ့ ဘယ် direction ကို ကိုယ်စားပြုလဲဆိုတာ သိဖို့လိုသေးတယ်။ အဲဒါကိုသိမှ ECG interpretation ပိုလွယ်ကူလိမ့်မယ်။
Leads I, II and VL look at the left lateral surface of the heart, leads III and VF at the inferior surface, and lead VR looks at the right atrium.
Leads V1 and V2 look at the right ventricle, V3 and V4 look at the septum between the ventricles and the anterior wall of the left ventricle, and V5 and V6 look at the anterior and lateral walls of the left ventricle.
ဒီအတိုင်းမှတ်ရင် နဲနဲခက်တယ်။ ECG စာအုပ်တွေထဲက ပုံတွေကို ပြန်ကြည့်စေချင်တယ်။ အဲ့ဒါဆိုရင် မှတ်ရတာ ပိုလွယ်မယ်။

အခုပြောသွားတာတွေက ECG ရဲ့ အခြေခံ နဲနဲ(တကယ့်ကို နဲနဲလေး)ပါ။ နောက်အားရင် ထပ်ရေးဦးမယ်။

Comments

Popular Posts