မြန်မာဘလော့လုပ်ခြင်း

ကြည့်ရတာ ကျွန်တော် မြန်မာ ဘလော့ လုပ်တတ်သွားပြီထင်တယ်။ ကျွန်တော့ ဘလော့ရဲ့ Template ကို ကျွန်တော် ဒီလို ပြင်လိုက်တယ်ဗျာ။ ကျွန်တော်ထင်တယ်... ကျွန်တော့ရဲ့ Template ကို ဇော်ဂျီ Font နဲ့ ဖြစ်အောင်ပြင်နည်းက အလွယ်ဆုံး နဲ့ အရိုးရှင်းဆုံး ဖြစ်လိမ့်မယ် ထင်တယ်ဗျာ။ အောက်မှာ ရေးပြလိုက်တော့မယ်ဗျာ။

၁။ Template ဆီကိုသွားဗျာ။ ပြီးရင် အဲဒီ့မှာရှိတဲ့ html coding တွေအားလုံးကို copy လုပ်။
၂။ Microsoft FrontPage ကိုဖွင့်။ html view ကိုဝင်။ အဲ့ဒီ့မှာရှိတဲ့ html coding တွေ နေရာမှာ ခုနက Template coding ထဲ့လိုက်။
၃။ ပြီးရင် Normal View ကိုပြန်သွား။ Select All (Ctrl+a) လုပ်လိုက်။ ပြီးရင် Font ကို Zawgyi-One ပြောင်းလိုက်။
၎။ html view ကို ပြန်သွား။ အဲဒီ့မှာ ရှိတဲ့ html တွေကို copy လုပ်ပြီး တော့ Blogger Template ရဲ့ html coding နဲ့ လဲထဲ့လိုက်။

ကျွန်တော့နည်းကတော့ လွယ်တယ်။ ဒါပေမယ့် ခင်ဗျားတို့ အနေနဲ့ FrontPage နဲ့ html knowledge တော့ နဲနဲရှိဖို့ လိုတာပေါ့နော်။

OK နော်။ ဒီ post ကတော့ ကျွန်တော့ရဲ့ တတိယမြောက် Post ပါ။ နောက်နေ့ တွေလဲ ထပ်ရေးဦးမယ်စိတ်ကူးထားတယ်။ =D

Comments

Popular Posts