အသည်းရောင်အသားဝါဘီ (Hepatitis B) အကြောင်း အနည်းအကျဉ်း

အသည်းရောင် အသားဝါဘီပိုးဟာ မြန်မာနိုင်ငံမှာတော်တော် အတွေ့ရများပါတယ်။ ဒီရောဂါအကြောင်းကို အနည်းအကျဉ်းရေးချင်ပါတယ်။

အသည်းရောင်ဘီပိုးဟာ DNA virus အမျိုးအစားဖြစ်ပါတယ်။ ဒီပိုးကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ သွေးနှင့် သွေးဆက်စပ်ပစ္စည်းများမှ ကူးစက်ချင်း၊ မူးယစ်ဆေးဝါးထိုးသွင်းခြင်း၊ လိင်ဆက်ဆံခြင်း၊ အမေမှ ကလေးသို့ကူးစက်ခြင်း တို့ဖြစ်ပါတယ်။ Direct contact နဲ့ လည်း ကူးစက်နိုင်တယ်လို့ဆိုပါတယ်။ အဖြစ်များတဲ့ ဒေသတွေကတော့ အရှေ့ဖျားဒေသ၊ အာဖရိကနဲ့ မြေထဲပင်လယ်ဒေသတို့ ဖြစ်ပါတယ်။

ပိုးရှိသူ အများစုဟာ ဘာရောဂါလက္ခဏာမှ မရှိဘဲ လူကောင်းပကတိ အတိုင်းရှိနေပါတယ်။ ရောဂါလက္ခဏာအချိုကတော့ ဖျားနာကိုက်ခဲမူးဝေခြင်း ကိုက်ခဲခြင်း၊ အသားဝါခြင်း၊ အသည်းကြီးခြင်း၊ ဗေလုံးကြီးခြင်း ဖောရောင်ခြင်း တို့ဖြစ်ပါတယ်။ အသည်းရောင်ခြင်းနဲ့ ဆိုင်တဲ့ အခြားရောဂါလက္ခဏာ အမျိုးမျိုးလည်း တွေ့ရှိရနိုင်ပါတယ်။

ဆေးရုံတွေမှာ အလုပ်များတဲ့ Test တစ်ခုကတော့ HBsAg ကို စစ်ဆေးတာပါ။ HBsAg ဟာ ပိုးအကူးခံရပြီး ၁လမှ ၆လအတွင်း ပေါ်ပါတယ်။ တခြား Test တွေလဲရှိပါသေးတယ်။ ဥပမာ- HBeAg, Anti HBc, Anti HBs, HBV PCR စတာတွေဖြစ်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးကို ကာကွယ်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။ ဥပမာ Engerix B, DMR Hepatitis B vaccine. Passive immunization လဲရှိပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အသည်းပျက်စီးအလုပ်မလုပ်ခြင်း၊၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း တို့အပြင် ကျောက်ကပ်လဲရောင်နိုင်ပါတယ်။

ပိုးရှိသူတွေဟာ အရက်ကို ရှောင်သင့်ပါတယ်။ သူ့ကို ကုသနိုင်လောက်တဲ့ ဆေးတချို့ကတော့ Interferon alpha, Lamivudine, Adefovir တို့ဖြစ်ပါတယ်။

စာဖတ်သူမှာ HBsAg Positive ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

အသည်းရောင် အသားဝါပိုး အကြောင်းထပ်သိချင်ရင် ဒီကို သွားပါ။

Comments

Popular Posts