Downloading Your Freedom

ပုဂံက www.your-freedom.net ကို ဘန်းထားတယ်။ အဲဒါကြောင့် Your Freedom software ကို download ချင်သူတချို့ အတွက် မလုပ်တတ်ရင် နည်းနည်းခက်တတ်ပါတယ်။ အဓိက ကတော့ proxy website တွေက တဆင့် သွားကြရတဲ့ အတွက် 1MB လောက်ရှိတဲ့ ဖိုင် တစ်ခုကို download တဲ့ အခါမှာ အသုံးပြုတဲ့ proxy website က ခွင့်မပြုတဲ့ အတွက် download ရင်းနဲ့ တ၀က်လောက်ကျမှ ရပ်သွားတာမျိုးဖြစ်တတ်ပါတယ်။

ကံကောင်းတာက ပုဂံက ftp://ftp.your-freedom.net ကို (ဒီ Post ကို မတင်ခင်အထိ) မဘန်းထားဘူး။ ဒါကြောင့် အဲဒါကို အသုံးချပြီး ဒေါင်းလုတ် လုပ်နိုင်ပါတယ်။

ဒီလိုလုပ်ကြည့်ပါဗျာ။

(၁) သင်သုံးနေကျ proxy site တစ်ခုခု ဥပမာ www.hidebehind.net နဲ့ www.your-freedom.net ကို ၀င်ပါ။
(၂) log in လုပ်ပြီး download ကိုသွားပါ။ အဲဒီမှာ FTP (DE) ဆိုတဲ့ link ပေါ်မှာ right click နှိပ်ပြီး Copy Shortcut ကို နှိပ်ပါ။
(၃) စာဖတ်သူရဲ့ Browser Address bar ပေါ်မှာ Paste လုပ်ပါ။ ဒီလို URL လေး ပေါ်လာပါလိမ့်မယ်။

https://www.hidebehind.net/cgi-bin/proxy.pl/000000A/ ftp/ftp.your-freedom.net/pub/yf-install_20070319-01.exe

အဲဒီ့ URL ကို ဒီလိုပုံလေးဖြစ်အောင် ပြောင်းလိုက်ပါ။ အရှေ့ပိုင်းက မလိုတာလေးတွေ ဖျက်လိုက်ပါ။

ftp://ftp.your-freedom.net/pub/yf-install_20070319-01.exe

ပြီးရင် enter နှိပ်ပါ။ ဒါဆိုရင် ဒေါင်းလုတ် လုပ်နိုင်ပါပြီ။

Your Freedom ရဲ့ ftp ကို ပုဂံက မဘန်းသေးလို့ ဒီလို ဒေါင်းလုပ်လုတ်နိုင်တာပါ။ ကျွန်တော် Your Freedom အကြောင်းကို အရင် Post တစ်ခု မှာ ရေးဖူးပါတယ်။ Your Freedom သုံးပုံသုံးနည်းက ဘာမှမခက်ပေမယ့် မလုပ်တတ်သေးရင် ဒီကိုနှိပ်ပြီး ဖတ်နိုင်ပါတယ်။

Comments

Popular Posts