WordWeb Dictionary

ကွန်ပျူတာ အဘိဓာန် ဆော့ဖ်ဝဲလ်တွေ အခု ကွန်ပျူတာဆိုင်တွေမှာ အများကြီးရှိပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေရော အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်တွေရော အမျိုးစုံအောင်ရှိကြပါတယ်။ အဘိဓာန်ဆော့ဖ်ဝဲလ်တွေက သူ့ဟာနဲ့သူ ကောင်းကြပါတယ်။ ကျွန်တော့ ကွန်ပျူတာမှာတော့ အဘိဓာန်သုံးမျိုးသွင်းထားတယ်။ အင်္ဂလိပ်-မြန်မာအဘိဓာန်တခု၊ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်နှစ်ခုပါ။ Cambridge Advanced Learners' Dictionary နဲ့ WordWeb တို့ကို သုံးပါတယ်။ Cambridge က ပိုကောင်း ပိုစုံပါတယ်။ အသံထွက် sound files လေးတွေပါ ပါတယ်ဗျာ။ ခက်တာက သူက WordWeb ထက် နဲနဲပိုလေးတယ်။ ဒါကြောင့် ကျွန်တော်ကတော့ Wordweb ပဲပိုသုံးဖြစ်တယ်။

WordWeb က အင်တာနက်ကနေ Free download လို့ရတယ်။ Free Software လေးပေါ့။ Free Dictionary ဆိုပေမယ့် သိပ်အထင်မသေးပါနဲ့။ စာလုံးတော့ တော်တော်စုံတယ်။ ကျွန်တော် ကြိုက်တာက ဘာလဲဆိုတော့... စာဖတ်ရင်းနဲ့ ကိုယ်နားမလည်တဲ့ စာလုံးကိုရှာရာမှာ အရမ်းကို လွယ်လို့ပါ။ ဥပမာ - ကျွန်တော် Webpage တစ်ခုကို ဖတ်နေရင်းနဲ့ နားမလည်တဲ့ စကားလုံးတစ်လုံးတွေ့ရင် အဲဒီ့ စာလုံးကို စလက်မှတ်ပြီး ctrl+alt+w နှိပ်လိုက်ရုံနဲ့ WordWeb က သူ့ရဲ့ အဓိပ္ပာယ်ထွက်လာပါတယ်။

ဒါပေမယ့် Cambridge လောက် အဓိပ္ပာယ်ရှင်းလင်းမှု မကောင်းဘူး။ စာလုံးကလည်း Cambridge လောက်မစုံလင်ဘူး။ အသံထွက် မပါဘူး။

ဘာပဲပြောပြောပါ။ WordWeb Dictionary ကတော့ ကျွန်တော် ပုံမှန်သုံးစွဲတဲ့ Software လေး ဖြစ်လာနေပါပြီ။ ကျွန်တော် Startup မှာကတဲက သူ့ကို run ထားပါတယ်။ သူ့ကို run ထားပေမယ့် run ထားတယ်လို့ မထင်ရလောက်အောင်ကို ပေါ့ပါးပါတယ်ဗျာ။

စမ်းချင်ရင်တော့ ဒီကနေယူပါ။

Comments

Popular Posts