phatpa.com

ကျွန်တော်ဒီနေ့ သွားရင်းလာရင်း phatpa.com အကြောင်းကို shout box တစ်ခုမှာ တွေ့တာနဲ့ ၀င်ကြည့်မိတယ်။ တော်တော်လေးကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်ထားတာပါ။ သူ့ရဲ့ ၀က်ဆိုဒ်မှာ ရေးထားတဲ့ အတိုင်း copy paste လုပ်ပါရစေ။

ဖတ်ပါ့မှာ ရိုးရှင်းတဲ့ ရည်ရွယ်ချက် ရှိပါတယ်။

လူအများရေးထားတဲ့ဖတ်စရာ စာများကို လူအများဖတ်ဖို့ ပါ။

ဒါကြောင့် ကမ္ဘာတစ်လွှား ဖတ်ပါ့ စာဖတ်သူတွေက ဖတ်စရာစာတွေ ကို ကိုယ်တိုင် ရေးသားနိုင်အောင်၊ နောက် ကမ္ဘာတစ်ဝန်း ရှိ နေရာဌာနမျိုးစုံ မှ ဖတ်စရာစာများကို လည်း ပြန်လည် ကိုးကားဖေါ်ပြ နိုင်အောင် ဖတ်ပါ့ ၀ဘ်စာမျက်နှာ ကို တည်ဆောက် ထားပါတယ်။

ဖတ်ပါ့ က မြန်မာတို့ရဲ့ (interest) အကျိုးစီးပွား၊ စိတ်ဝင်စားမှု နဲ့ ယှဉ်တဲ့ ဖတ်စရာစာ မျိုးစုံ (ဘယ်ပုံစံဖြစ်ဖြစ်) ကို ၀ဘ်စာမျက်နှာပေါ် ရောက်စေချင်တာပါ။

သို့ကလို မြန်မာတို့အတွက် တစ်နေရာထဲမှာ သီးသန့် စုစည်းပေးထားတာရယ် မြန်မာလို ဖတ်ရှုရတာရယ်ကြောင့် ကမ္ဘာတစ်လွားမြန်မာများ အကျိုး ရှိတယ်ဆိုရင်ဖြင့် ဖတ်ပါ့ မှ ၀မ်းသာပါပြီ။

ဖတ်ပါ့ဟာ အွန်လိုင်းပေါ်မှာ ဆုံတွေ့ခဲ့ကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်စုရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။

ဖတ်စရာစာတွေ ရေးဖို့ စိတ်ဝင်စားတဲ့ ကမ္ဘာတစ်လွှား မြန်မာစာဖတ်သူများကိုလည်း ဖတ်ပါ့အဖွဲ့ မှာ ပါဝင်ပြီး ဖတ်စရာစာတွေ ရေးသား ကြဖို့ ဖတ်ပါ့မှ ဖိတ်ခေါ် ပါတယ်။

ဖတ်ပါ့ မှာ role ငါးမျိုး ရှိပါတယ်။

1) Anonymous user

2) Authenticated user

3) Blogger

4) Journalist

5) Writer

6) Moderator

7) Admin

Anonymous user တစ်ယောက် အနေနဲ့ comment များ ကိုရေးသားနိုင်ပါတယ်၊ ဒါပေမယ့် moderator တစ်ယောက်ယောက် က pass လုပ်ပေးမှ ၀ဘ်စာမျက်နှာပေါ်မှာ အခြားစာဖတ်သူ များဖတ်ရှုနိုင်တဲ့ အဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

Authenticated user ရေးလိုက်တဲ့ comment ကတော့ တစ်ခါထဲ ၀ဘ်စာမျက်နှာပေါ်ကို ရောက်ပါတယ်။ authenticated user ဖြစ်ဖို့အတွက် signup လုပ်ရန်လိုပါတယ်။

Blogger status နဲ့ ဘလော့ ရေးနိုင်ပါတယ်၊ journalist status နဲ့ သတင်းများ ရေးသားနိုင်ပြီးတော့ writer status နဲ့ ရသစာပေ နှင့် ဆောင်းပါး များ ရေးသားနိုင်ပါတယ်။

အထက်ပါ သီးခြား status များ အတွက် admin ဆီကို request အီးမေးပို့ဖို့ လိုပါတယ်၊ အီးမေးမှာ ဖတ်ပါ့ ရဲ့ authenticated user name ကိုပြောဖို့လိုပါတယ်၊ comment များကို မကြာမကြာ ၀င်ရောက်ဆွေးနွေး ရေးသားနေသူ ဖြစ်ရန်လည်း လိုပါတယ်။

စာဖတ်သူများ ရဲ့ ဖတ်စရာစာ များကို ကိုယ်တိုင် post မလုပ်လိုပါကလည်း admin နဲ့ moderator အီးမေးများကို ပေးပို့ ပြီးတော့လည်း ၀ဘ်စာမျက်နှာ ပေါ်ကို တင်နိုင်ပါတယ်။

Our mail address:

phatpanews [at] yahoo.com

mirrorboyuk@googlemail.com

KeYtOkNoW@gmail.com

cyberjnl@gmail.com

kyawzwar.tunmyint@gmail.com

ကျွန်တော့အမြင်တော့ ယခုလက်ရှိ မြန်မာ ဘလော့တွေကို ရေးသားနေသူတွေ သွားရောက်လေ့လာသင့်တဲ့ website လို့ထင်ပါတယ်ဗျာ။ လိပ်စာကတော့ www.phatpa.com ပါ။

Comments

Popular Posts