မြန်မာနိုင်ငံတွင် ယခုနှစ်လည်အထိ သွေးလွန်တုပ်ကွေးကြောင့် ၃၀ဦးသေဆုံး

ဆင်ဟွာမှသတင်းကို ဘာသာပြန်ပါသည်။

ဒီနှစ်နှစ်လည်အထိ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၃၀၀၀ အနက်မှာ ၃၀ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် နှစ်လည်ထက် စာရင် သေဆုံးမှုနှုန်းပိုများပြားလာခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းများက ဒီနှစ် မိုးအ၀င် ယခင်လကတည်းက သွေးလွန်တုပ်ကွေးမဖြစ်အောင် နေထိုင်ဖို့ နှိုးဆော်ခဲ့ပါတယ်။
သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးဖြစ်ခဲ့တဲ့ နေရာကတော့ မွန်ပြည်နယ်မှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာလည်း အဖြစ်များခဲ့ပါတယ်။
စာရင်းဇယားများအရ ၂၀၀၆ခုနှစ်မှာ ၁၁၀၄၉ ယောက် သွေးလွန်တုပ်ကွေးဖြစ်ခဲ့ပြီး ၁၃၀ ယောက် သေဆုံးခဲ့ပါတယ်။
၂၀၀၆ခုနှစ်မှာ သွေးလွန်တုပ်ကွေး ကာကွယ်မှု အစီအစဉ်များကြောင့် ၂၀၀၆ မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ကျဆင်းခဲ့ပါတယ်။
ရန်ကုန်မြို့တော်မှာ ၂၀၀၆ခုနှစ်မှာ ၁၅၃၁ ယောက်ဖြစ်ပွားခဲ့ကာ ၁၈ ယောက် သေဆုံးခဲ့တဲ့ အတွက် ၅၆၂၁ ယောက် ဖြစ်ပွားခဲ့ပြီး ၄၀ ယောက်သေဆုံးခဲ့တဲ့ ၂၀၀၅ခုနှစ်နဲ့ ယှဉ်ရင် ကျဆင်းခဲ့ပါတယ်။
လူဦးရေ ၆သန်းရှိပြီး ၆၈၀ စတုရန်းကီလိုမီတာရှိတဲ့ ရန်ကုန်မြို့တော်ဟာ လူဦးရေထူထပ်မှုနဲ့ ရေစီးရေလာ မကောင်းမှုတို့ကြောင့် သွေးလွန်တုပ်ကွေး ဖြစ်စေခဲ့ပါတယ်။
သောက်ရေကိုကို သန့်ရှင်းစွာထားရေး၊ ခြင်ကောင်ပေါက်များကို တာဆီးနှိမ်နင်းခြင်း၊ ကျန်းမာရေး ပညာပေးခြင်း စတဲ့ ရောဂါကာကွယ် တားဆီးမှုတွေကို ကျန်းမာရေးဝန်ထမ်းများက အသိပေး လုပ်ဆောင်ခဲ့ကြပါတယ်။
စာရင်းများအရ ၂၀၀၅ခုနှစ်မှာ ၁၃၀၀၀ ဦးခန့် မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့ရပြီး ယခင်နှစ်များက ၆၀၀၀ခန့် ဖြစ်ခဲ့မှုနှင့် ယှဉ်လျှင် သိသာစွာမြင့်တက်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်က ၁၅၆၉၅ ဖြစ်ခဲ့သဖြင့် ၂၀၀၅ခုနှစ်မှာ ဒုတိယ အဖြစ်အများဆုံး ဖြစ်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်တွင် ၆၀၀၀ ဦး ဖြစ်ပွားခဲ့ရာတွင် တ၀က်ခန့်မှာ ရန်ကုန်တွင်ဖြစ်ပွားခဲ့ပါတယ်။
လူဦးရေထူထပ်ခြင်းဟာ ရောဂါပိုဖြစ်လွယ်စေပါတယ်။ ထို့အပြင် သွေးလွန်တုပ်ကွေး ကာကွယ်ဆေးနှင့် တိကျသော ကုသမှုမရှိတဲ့အကြောင်းကို ကျန်းမာရေးဝန်ထမ်းများက လူအများကို သတိပေးထားပါတယ်။ (မှတ်ချက်... သွေးလွန်တုပ်ကွေးကို ကုသဖို့ နည်းတွေ မရှိမဟုတ် ရှိပါတယ်။ ဗိုင်းရပ်စ်ကို ချက်ချင်းသေအောင် လုပ်ဖို့ ဆေးတွေ တွင်တွင်ကျယ်ကျယ် မရှိသေးတာပါ။)
သွေးလွန်တုပ်ကွေးဟာ မိုးတွင်းနှင့် မိုးနှောင်းကာလတို့တွင် ၁၂နှစ်အောက် ကလေးငယ်များတွင် အဖြစ်များပါတယ်။
မြန်မာနိုင်ငံတွင် ရံဖန်ရံခါ သွေးလွန်တုပ်ကွေး အဖြစ်များလေ့ရှိပါတယ်။ ပထမဆုံး သွေးလွန်တုပ်ကွေးရောဂါကို ၁၉၆၉ခုနှစ်မှာ စတွေ့ခဲ့ပြီး ၁၉၇၀တွင် သွေးလွန်တုပ်ကွေး အကြီးအကျယ် ဖြစ်ခဲ့တယ်လို့ ၁၉၇၃ခုနှစ်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ မန္တလေးတိုင်း မြောက်ပိုင်းရဲ့ ပထမဆုံး သွေးလွန်တုပ်ကွေးကို ၁၉၇၄မှာ တွေ့ခဲ့ရပြီး လေးနှစ်ခန့်တွင် တကြိမ်အဖြစ်များခဲ့ပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၅မှာ အဖြစ်များခဲ့ပါတယ်။

Comments

Popular Posts