မြန်မာ internet user များ အတွက် လစဉ် စုစုပေါင်း အင်တာနက် အသုံးပြုမှုကို မှတ်သားခြင်း

ပုဂံနက်ဟာ အရင်က internet user တွေအတွက် usage time unlimited ပေးခဲ့တယ်။ အဲဒီ့တုန်းကတော့ အင်တာနက်ကို လစဉ်ကြေးနဲ့ နှစ်စဉ်ကြေး ပုံသေဆောင်ရုံနဲ့ အင်တာနက်ကို အချိန်အကန့်အသတ်မဲ့သုံးနိုင်ခဲ့ကြတယ်။ အခုနောက်ပိုင်းကျတော့ usage time ကို ကန့်သတ်လိုက်တဲ့အတွက် လစဉ်ပေးသုံးတဲ့ ပမာဏထက် ကျော်သုံးမိသွားတဲ့အခါ ကျော်သုံးမိသလောက်ပိုပေးရပါတယ်။ စာဖတ်သူဟာ မြန်မာတယ်လီပို့ user ဆိုရင် ဒီစာမျက်နှာ မှာ စာဖတ်သူသုံးခဲ့တဲ့ စာရင်းဇယားကို usage info စာမျက်နှာမှာ ၀င်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ website မှာ ပေါ်တဲ့ စာဖတ်သူ အင်တာနက်သုံးခဲ့တဲ့ စာရင်းဟာ up to date အမြဲ မဖြစ်ပါဘူး။ တခါတရံ တစ်ပတ်နီးနီးလောက် နောက်ကျနေတတ်ပါတယ်။ ဒီ့အတွက် စာဖတ်သူဟာ မိမိဘာသာ ဒီလအတွက် ဘယ်နှနာရီ အင်တာနက်သုံးပြီးပြီ... ဘယ်နှနာရီ ထပ်သုံးနိုင်သေးတယ်... စသဖြင့်သိရှိဖို့အတွက် မိမိဘာသာ နည်းလမ်းရှာပြီး မှတ်သားဖို့ လိုကောင်းလိုလာပါမယ်။

ဒီလိုမှတ်သားနိုင်ဖို့အတွက် software တွေ မျိုးစုံရှိပါတယ်။ ကျွန်တော်ကြိုက်တဲ့ မြန်မာ အင်တာနက် user တွေအတွက် အဆင်ပြေမဲ့ software ကတော့ DU meter ပါ။

DU meter ကို ဒီလိုသုံးပါ။
(၁) http://www.dumeter.com/download.php ကနေ download လုပ်ပါ။ ပြီးရင် install လုပ်ပါ။ ပြီးရင် run ပါ။
(၂) System Tray မှာ ပေါ်နေတဲ့ တရိဂံနှစ်တုန်းပုံကို right click ပါ။ Totals ကို နှိပ်ပါ။
(၃) Monthly Report tab ကို ၀င်ပါ။ အဲ့ဒီ့မှာ စာဖတ်သူရဲ့ လစဉ်အသုံးပြုမှု မှတ်တမ်းကို တွေ့ရမှာပါ။

စာဖတ်သူအနေနဲ့ အင်တာနက်ကို အသုံးပြုချိန်တိုင်းမှာ DU meter ကို run ထားဖို့လိုပါတယ်။ ဒါမှ ၄င်းက internet အသုံးပြုမှုကို မှတ်သားနိုင်မှာ ဖြစ်တယ်။ ကောင်းတာကတော့ DU meter ရဲ့ options မှာ Loads with Windows ကို check လုပ်ထားပါ။

Comments

Popular Posts