Accessing ဂျီမေးလ် by January 8 attack victims

၂၀၀၇ခုနှစ် ဇန်န၀ါရီ ၈ရက်နေ့မှာ မြန်မာတယ်လီပို့ဟာ ပြင်းထန်တဲ့ပိတ်ဆို့မှုတစ်ရပ်ကို လုပ်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ခဲ့တဲ့ အတွက် အင်တာနက်အသုံးပြုသူတွေဟာ အခက်အခဲတွေ အများကြီးနဲ့ ကြုံခဲ့ကြရပါတယ်။ အထူးသဖြင့် လုံခြုံမှု (Security) မရှိတဲ့ မြန်မာတယ်လီပို့ရဲ့ အီးမေးလ် စနစ်ကို အသုံးမပြုလိုကြတဲ့သူတွေ အတွက် ပိုပြီးတော့ အခက်အခဲတွေ ကြုံကြရပါတယ်။ အဓိကကတော့ Gmail ကို အသုံးပြုဖို့အတွက် ခက်ခဲသွားစေခဲ့တာပါပဲ။ အရင်ကတဲက Gmail ကို ပိတ်ထားပေမယ့် Gmail Lite ကို အသုံးပြုလို့ရသေးတယ်။ အခုတော့ အဲ့ဒီ Gmail lite တွေကိုပါ လိုက် ဘန်းတယ်ဗျာ။ သို့ပေမယ့် ဂျီမေးလိုက်ကို စေတနာကောင်းစွာ တင်ပေးထားကြတဲ့ webmaster တစ်ချို့ကြောင့် ဂျီမေးလိုက်တစ်ချို့ ရှိနေဆဲပါ။ http://bestrefer.atspace.com (Tee Tee ရဲ့ free web page) လေးမှာ အဲ့ဒီ့ ပွင့်နေသေးတဲ့ ဂျီမေးလိုက်လေးတစ်ခုကို ချိတ်ဆက်ပေးထားတယ်။ သူကမြန်မာပြည်က ပုဂ္ဂိုလ်ဖြစ်လို့ သူ့ရဲ့ web page လေးတွေကို ပုံမှန် update လုပ်ပေးတဲ့အတွက် အဲ့ဒီကသုံးတာ အဆင်ပြေနိုင်ပါတယ်။ တကယ်လို့ သူချိတ်ပေးထားတဲ့ Yeehart ကို ဘန်းလိုက်ရင်တောင်မှ သူက တခြား အဘန်းမခံရသေးတဲ့ page ကို ချိတ်ဆက်ပေးမယ်လို့ယူဆရတယ်။ ဒါကြောင့် အဲ့ဒီ Best refer ကနေပြီး ဂျီမေးလိုက် ကို သုံးလိုက် ကြပါ။ ကျွန်တော် ဒီ post မှာ အဘန်းမခံရသေးတဲ့ ဂျီမေးလိုက်တွေ ကျွန်တော်တွေ့ထားသမျှ ရေးချလိုပေမယ့် ဘန်းလိုက်မှာ ဆိုးတာကြောင့် ကျွန်တော် မရေးတော့တာကို ခွင့်လွှတ်ပေးပါ။

Gmail html ကိုသုံးချင်ရင်တော့ဒီလိုလုပ်ပါဗျာ။
(၁) unblockbess.com unblockwebsense.com ကိုဝင်ပါ။
(၂) အဲ့ဒီက Text box လေးမှာ http://mail.google.com/mail/?ui=html လို့ရိုက်ပြီးရင် Begin Browsing ကို နှိပ်ပါ။
(၃) User name and Password ရိုက်ပြီး Remember me ကို check လုပ်ပြီး Gmail html ကို ၀င်နိုင်ပါပြီ။
(၄) ပေါ်လာတဲ့ Page ကို Favorite (IE) or Bookmark (Firefox) လုပ်ထားပါ။
(၅) နောက်နေ့တွေမှာ ဂျီမေးဖတ်ချင်ရင် အဲ့ဒီ့ Favorite or Bookmark ကို နှိပ်လိုက်ရုံပါပဲ။ အဆင့် ၁ မှ ၄ မလိုတော့ပါဘူး။

ကျွန်တော် ဒီ post မှာ unblockbess.com unblockwebsense.com လို ၀က်ဆိုဒ်တွေကို ရေးချလိုပေမဲ့ ဘန်းလိုက်မှာ ဆိုးတာကြောင့် မရေးတော့တာခွင့်လွှတ်ပါ။ unblockbess.com unblockwebsense.com ကို တခြားအဘန်းခံထားရတဲ့ ၀က်ဆိုဒ်လေးတွေကိုဝင်ချင်ရင်လည်း သုံးနိုင်ပါတယ်။

Gmail basic html ကို မသုံးချင်ဘူး... Gmail standard ကိုမှသုံးချင်ရင်တော့ Your Freedom နဲ့ ၀င်လိုက်ပါ။ (your-freedom အကြောင်းကို ယခင် post တစ်ခုတွင် ကျွန်တော်ရေးခဲ့ပြီ။)

Comments

Popular Posts